Bosco Lian
Chin World Media
September 15, 2012
တတိယမြောက် ချင်းအမျိုးသားတပ်ဦး၏ ဆက်ဆံရေးရုံးတစ်ခုဖြစ်မည့်
တီးတိန်မြို့ရုံးအား စက်တင်ဘာ (၂၅) ရက်နေ့တွင် ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း
ခိုင်လုံသော သတင်းရပ်ကွက်မှ ကလေးမြို့Chin World အဖွဲ့မှ
စုံစမ်းသိရှိရပါသည်။Chin World Media
September 15, 2012
ချင်းအမျိုးသားတပ်ဦးသည် ဦးသိန်းစိန်အစိုးရနှင့် ဇန်န၀ါရီလ (၆) ရက်နေ့တွင် ဟားခါးမြို့၌ ငြိမ်းချမ်း ရေးတွေ့ဆုံဆွေးနွေးခဲ့ကြပြီး၊ အချက် (၁၅) ချက်ပါ သဘောတူညီချက်အား လက်မှတ်ရေးထိုးခဲ့သည်။ ထိုအထဲတွင် ထန်တလန်၊ မတူပီနှင့် တီးတိန်မြို့များတွင် ချင်းအမျိုးသားတပ်ဦး၏ ဆက်ဆံရေးရုံများ ဖွင့်လှစ်ရေးသည်လည်း တခုအပါအ၀င် ဖြစ်သည်။
ထိုသို့ သဘောတူညီချက်အရ- မတူပီမြို့တွင် ဇွန်လ (၂၃) ရက်နှင့် ထန်တလန်မြို့တွင် ဇွန်လ (၂၉) နေ့များ၌ CNF ၏ ဆက်ဆံရေးရုံးများအား ဖွင့်လှစ်နိုင်ခဲ့သည်။
ချင်းအမျိုးသားတပ်ဦး၏ ငြိမ်းချမ်းရေးကော်မတီအား သြဂုတ်လ (၂၄-၃၁) အတွင်းကျင်းပခဲ့သော ဗဟို အလုပ်အမှုဆောင်အစည်းအဝေးတခုတွင် ဖွဲ့စည်းပြီး အဓိပတိကောင်စီဥက္ကဌ ဒေါက်တာဇလှေထန်းနှင့် အထွေထွေအတွင်းရေးမှူးချုပ် ပူးဇင်ကျုံးတို့မှ ဦးဆောင်မည်ဖြစ်ကာ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် များ၊ အဓိပတီကောင်စီဝင်များ CNA ထိပ်ပိုင်းခေါင်းဆောင်များပါဝင်သည့် (၂၃) ဦးကော်မတီဖြင့် ဖွဲ့စည်း ထားကြောင်း သိရသည်။
ချင်းအမျိုးသားတပ်ဦး၏ ဦးသိန်းစိန်အစိုးရနှင့် ဒုတိယအကြိမ်မြောက် ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေး တွေ့ဆုံပွဲအား ဒီဇင်ဘာလအတွင်းတွင် ကျင်းပပြုလုပ်သွားမည်ဟု သိရသည်။
No comments:
Post a Comment