Saturday, April 21, 2012

Tedim ngam, Mualbem khua-a, Singlamteh kifuksak

မြန်မာပြည် ခရစ်ယာန်ဘာသာရေး ဖိနှိ​ပ်မှုရှိနေဆဲ

Mualbem khua Singlamteh honna


ချင်းပြည်နယ်၊တီးတိန်မြို့နယ် မွောလ်ဘဲမ်း [Mualbem] ကျေးရွာရှိ ဧဝံဂေလိ အသင်းတော် [Assembly of God] ငွေရတုအထိမ်းအမှတ် နာရီစင်လက်ဝါးကပ်တိုင် ကို ကြံ့ဖွ့ံ့ပါတီဝင် ကျေးရွာ အုပ်ချုပ်ရေးမှုးဦးဆောင် ၍ ၁၁ဧပြီ ၂o၁၂ နေ့ တွင် ဘူလ်ဒိုဇာဖြင့်ဖြိုချဖျက်စီးခဲ့ကြကြောင့် သိရသည်။

အဆိုပါ နာရီစင်လက်ဝါးကပ်တိုင်ကိုရွာလုံးကျွတ် ဂိုဏ်းပေါင်းစုံခရစ်ယာန်ဘာသာဝင်များမှ ထည့်ဝင်လှူဒါန်းငွေဖြင့် တည်ဆောက်ထားခြင်းဖြစ်သည်။

၂၆ မတ် ၂oo၉ ရက်နေ့ တွင် ကျေးရွာအုပ်ချုပ်ရေးမှုး  ဦးကိုင်ရှန်းမုန် [Kai Sian Mung] ဦးဆောင်၍၊ ကျေးရွာလူကြီးများ Mualbem Christian Family မှ ဘာသာရေးခေါင်းဆောင်များမှ ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်ဟုလည်း သိရသည်။

၎င်းနာရီစင်လက်ဝါးကပ်တိုင်ဖျက်စီးမှုတွင် တီးတိန်မြို့နယ်  ကြံ့ဖွ့ံပါတီလက်အောက်ခံ ကျေးရွာအုပ်ချုပ်ရေးမှုးမှ ဦးဆောင်ဖျက်ဆီးခဲ့ကြောင့် သိရသည်။

အလားတူ  ယခုနှစ်ဖေဖေါ်ဝါရီလအတွင်း ချင်းပြည်နယ် ဟားခါးမြို့တွင် သော်လည်းကောင်း၊ ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ် ကျင်ဒွေးရွာ အတွင်း ခရစ်ယာန်များ၏ စိုက်ထူထားသည့် လက်ဝါးကားတိုင်များ  ဖြိုလှဲမှုများ ဖြစ်ပွားခဲ့ကြောင့် သိရသည်။

ပြည်ထောင်စု မြန်မာနိုင်ငံတွင် ဗုဒ္ဒဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလမ်ဘာသာ၊ ဟိန္ဒူဘာသာ၊ နတ်ဘာသာ စသည့်ဘာသာများကို ကိုးကိုယ်နေထိုင်ကြသည်။

၎င်းတို့အနက် ဗုဒ္ဒဘာသာကိုမူ ဂုဏ်ထူးဝိသေသနှင့် ပြည့်စုံသည့် ဘာသာသာသနာအဖြစ် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ အသိအမှတ်ပြုထားကြောင့် ကျန် (၄) ဘာသာ ကိုမူ နိုင်ငံတော်တွင်ရှိနေကြသည့် ဘာသာများဟူ၍သာ အသိအမှတ်ပြု ထားသည်။

No comments:

Post a Comment